Friday, March 28, 2008

...ဒိန်းတလိန်းနတ်၏သံယောဇဉ်

အချစ်အတွက် ၊ အောင်းမေ့နေလို့
လွမ်းဆွေးရင်မှာ ၊ မချိပါ။

အချစ်အတွက် ၊ လွမ်းဖွဲ့နွဲ့လို့

လွမ်းစာရေးတာ ၊ နေ့တိုင်းပါ

အချစ်အတွက် ၊ တွေဝေငေးလို.
ို့ခလုပ်တိုက်တာ ၊ မနဲပါ

အချစ်အတွက် ၊ ရေးချိုးသွားတိုင်း

ဆပ်ပြာမေ့တာ ၊ မတွက်နိုင်ပါ

အချစ်အတွက် ၊ ဖိနိပ်ဝတ်တိုင်း

ဘယ်ညာမှားတာ ၊ မရေနိုင်ပါ

အချစ်အတွက် ၊ ရူးမူးပြိးတော့

သီချင်းဆိုတာ ၊ ချစ်လို့ပါ

အချစ်အတွက် ၊ စိတ်ထဲယောင်ချာ

အလုပ်အကြောင်း ၊ မတွေးနိုင်ပါ

အချစ်အတွက် ၊ စားမမှန်တာ

ချစ်ရလွန်းလို့ ၊ ဖြစ်မှာပါ

အချစ်အတွက် ၊ စဉ်းစားမိလို့

အိပ်မရတာ ၊ ညတိုင်းပါ

အချစ်အတွက် ၊ အိမ်မက် မက်ပြီး
ထထယောင်တာ ၊ အမြဲပါ

အချစ်အတွက် ၊ ဆုံရက်မျှော်တာ

တွေ့ချင်လွန်းလို့ ၊ နေမှာပါ...

မေမဒီ





0 comments:

 
3 Columns Blogger Template by Amanda at BloggerBuster